အမေးများသည့် မေးခွန်းများ

SSL, https:// နှင့် website များ

  • SSL ဆိုတာကတော့ secure sockets layer ကို အတိုကောက်ခေါ်ထားတာဘဲဖြစ်ပါတယ်။ website တစ်ခုရဲ့ အရေးကြီး အချက်အလက်များကို မသမာသူများမှ ဖောက်ပြီးမကြည့်နိုင်စေရန် server နှင့် အသုံးပြုသူ၏ browser များအကြား အထူးပြုလုပ်ထားသော port (လမ်းကြောင်းများ) ဖြင့် encrypt/decrypt ပြုလုပ်ပြီး website လုံခြုံရေးကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ credit card data များ၊ user name နှင့် password များ၊ အခြားအရေးကြီးသော အချက်အလက်များကို website မှ တောင်းသည့်အခါတွင် များသောအားဖြင့် အသုံးပြုကြပါတယ်။
  • credit card အသုံးပြုသူများသည် online တွင် ငွေပေးချေသည့်အခါတွင် မိမိ ငွေပေးချေမည့် website သည် ssl အသုံးပြုခြင်းရှိမရှိ ကို အထူး စိစစ်ကြသည်။ ssl အသုံးပြုထားခြင်းမရှိပါက credit card information များကို ရိုက်ထည့်ခြင်းမပြုတော့ဘဲ cancel လုပ်သွားကြပါသည်။ အကယ်၍ Ecommerce Websites များသည် SSL မပါရှိပါက ထို Website မျိုးကို ယုံကြည်စိတ်ချစွာ ဖြင့် မိမိ၏ credit card information များနှင့် လျှို့ဝှက်အချက်အလက်များကို ထည့်သွင်းပေးခြင်းမပြုရန်လိုပါသည်။
  • ssl အသုံးမပြုထားသော website များကို ခေါ်ကြည့်လျင် ပုံမှန်အားဖြင့် http://www.yourdomain.com (http://) အဖြစ်သာမြင်တွေ့ရမည်ဖြစ်ပြီး ssl အသုံးပြုထားသော website များသည် (https://) ဖြင့်စပြီး အစိမ်းရောင်အဖြစ် ပြောင်းလဲသွားသည်ကို သတိပြုမိနိုင်မည်ဖြစ်သည်။ အစိမ်းရောင် သော့ခလောက်ပုံစံကိုလည်း မိမိအသုံးပြုသော browser address bar ဘယ်ဘက်ထောင့်တွင် တွေ့ရမည်ဖြစ်သည်။

 

ssl

 

  • ယခုအခါတွင် google သည် ssl အသုံးပြုထားသော website များကိုအမှတ်ပိုပေးပြီး ထိပ်ဆုံးသို့ရောက်အောင် တင်ပေးလေ့ရှိသည်။ မိမိ၏ website တွင် SSL အသုံးပြုထားပါက google သာ မက အသုံးပြုသူ customer များ၏ ယုံကြည်မှုကိုပါရစေပါတယ်။
  • အချို့သော SSL provider များသည် ssl ကို ရက်အကန့်အသတ်ဖြင့် အခမဲ့ပေးသုံးလေ့ရှိပါသည်။ ကွဲပြားသော SSL provider company များပေါ်မူတည်ပြီး ဈေးနှုန်းများနှင့် package များလည်း ကွဲပြားလေ့ရှိသည်။ အနိမ့်ဆုံး US$ 50 မှသည် အမြင့်ဆုံး US$ 2000 ကျော်ဖြင့် အသုံးပြုနိုင်ပါတယ်။
  • အချို့သော browser တွေမှာ SSL မသုံးထားတဲ့ website တွေကို Not Secure ဆိုပြီး စာတမ်းထိုးနေပါပြီ။ Google ကိုယ်တိုင် SEO အတွက် အမှတ်ပေးစာရင်းထဲမှာ ထည့်တွက်နေပြီဆိုတော့ website တစ်ခုလုပ်ရင် SSL ကတော့ မပါမဖြစ်ပါသင့် နေပါပြီ။
  • Let’s secure customer data & payment with SSL! And boost Google ranking!

ဖုန်းသာ ဆက်လိုက်ပါ...


☎ 0
9 449 300 900, 01 652250, 01 652323

Myanmars.NET

  • 3/1 Myanmar ICT Park, Yangon 11052, Myanmar.
    Email: This email address is being protected from spambots. You need JavaScript enabled to view it.
    Yangon: (+95-1) 652323, 652250

    Bangkok: (+66) 080-776-2610
    New York: (+1) 646-867-3932
    California: (+1) 707-988-0300

Guests Online

We have 357 guests and no members online

မြန်မာနက် ကို ဘာကြောင့် အားကိုးကြသလဲ?

(၁)သင့်လုပ်ငန်းအတွက် အကျိုးအရှိဆုံးဖြစ်စေမယ့် world-class tech firm ဖြစ်ပါတယ်။ (၂)အကောင်းဆုံး မြန်မာ့ National ICT Award ၂ ကြိမ်နဲ့ အမျိုးမျိုး ရခဲ့ဖူးတဲ့ ထူးချွန်တဲ့ developer team ဖြစ်ပါတယ်။ (၃)CNN, BBC, Yahoo တို့ကတောင် Myanmars.Net ကို refer လုပ်၊ recommend လုပ်ကြတဲ့အပြင်၊ ကမ္ဘာကျော် New York Times သတင်းစာ မှာတောင် ပါခဲ့ဖူးပါတယ်။ (၄)လူကြီးမင်းတို့ရဲ့ web designer/ developer အနေနဲ့တင် မဟုတ်ပဲ လူကြီးမင်းလုပ်ငန်းရဲ့ e-business partner အဖြစ် consultant အဖြစ် ရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။ (၅)မြန်မာနိုင်ငံမှာ internet မရခင် ကတည်းက နိုင်ငံခြားကနေ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် web site တွေတည်ဆောက်ပေးခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ (၆)တည်ဆောက်ခဲ့တဲ့ web site တွေရဲ့ အောင်မြင်မှုသမိုင်းက သက်သေထင်ရှား ရှိနေပါတယ်။ (See brochures)

S5 Box

ကက က္က