Domain transfer ဆိုတာဘာလဲ

domain-transfer

  1. Authorization Code/EPP code ပေးရပါမယ်
  2.  Domain ကို unlock လုပ် ပေးရပါမယ်
  3. Administrator email ကို This email address is being protected from spambots. You need JavaScript enabled to view it. သို့ပြင်ပေးရပါမယ်

Myanmars.NET Domain ရောက်ရှိလာပါက တစ်နှစ်တိတိသက်တမ်းတိုးသွားသည့်အတွက်သက်တမ်းတိုးခပေးဆောင်ရပါမယ်။

Myanmars.NET ကနေ တခြားကို Domain ပြောင်းရွှေ့လိုရင်တော့

  1. ရွှေ့ပြောင်းလိုကြောင်းကိုရုံးစာ ဖြင့်အကြောင်းကြား ပေးရပါမယ်။ (Domain ဟာ လူကြီးမင်းတို့ အတွက် လွန်စွာအရေးကြီး တဲ့အတွက် ကျွန်တော်တို့ ဘက်မှ အထူးဂရုပြုဆောင်ရွက်တာကြောင့် domain ရွှေ့ပြောင်းခြင်းကို အကြောင်းကြားရာမှာ အတည်ပြုလက်မှတ်ရေးထိုးသူဟာ မန်နေဂျာရာထူး နှင့် အထက် ရှိသူ များမှ အတည်ပြုခြင်းကိုသာ  လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။  ဖုန်းနဲ /personal email များနဲ့ အကြောင်းကြားခြင်း ကိုလက်ခံမှာ မဟုတ်ပါဘူး။)
  2. Authorization Code/EPP code အား လူကြီးမင်းတို့၏ email သို့ပို့ဆောင်ပေးပါမယ်
  3. Domain ကို unlock လုပ်ပေးပါမယ်
  4. Domain Administrator email ကို လူကြီးမင်း တို့၏ email သို့ပြင်ပေးမှာ ဖြစ်ပါတယ်၊ ပြီးရင် လူကြီးမင်းတို့ကိုယ်တိုင် transfer request တင်လိုက်တာနဲ့ ဒီ request ကို Administrator email ကနေလက်ခံပြီး မိမိဖာသာ ဆက်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ တစ်ဘက်ကလက်ခံမည့်သူရဲ့ နည်းပညာကျွမ်းကျင်မှု အားနည်းချက်ကြောင့် မှားယွင်းမှု တစုံတရာ ဖြစ်ပေါ်လာရင် ကျွန်တော်တို့ဘက်က တာဝန်ယူမှာ မဟုတ်ပါဘူး။

အရေးကြီးတဲ့ အချက်ကတော့ register လုပ်ပြီး ရက် (၆၀) အတွင်း (ဒါမှမဟုတ်) domain သက်တမ်းမကုန်ခင် ရက် (၆၀) အတွင်းမှာ domain transfer လုပ်နိုင်မှာ မဟုတ်ပါဘူး။