FAQ

Domain transfer ဆိုတာဘာလဲ

domain-transfer

  • Domain transfer လုပ်တယ်ဆိုတာ domain name ကို မိမိ website ကို development လုပ်မယ့် web development company ရဲ့ account ကို ရွေ့ပြောင်းတာ ဖြစ်ပါတယ်။ Domain ကို online ကနေမိမိ ဘာသာ ဝယ်နိုင်သလို ဘယ် web development company နဲ့မဆို ဝယ်နိုင်ပါတယ်။ တကယ်တမ်း website လုပ်တဲ့ အခါကျရင်တော့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ အမြန်ရနိုင်အောင် မိမိ website ပြုလုပ်တဲ့ company ကို ရွှေ့ပြောင်းရင် ပိုကောင်းပါတယ်။ ဒါမှ အရေးအကြောင်းပေါ်လာခဲ့ရင် company ကနေ ရာနှုန်းပြည့်တာဝန် ယူနိုင်မှာပါ။
  • အခြားနေရာကနေ ကျွန်တော်တို့ Myanmars.NET ကို transfer လုပ်မယ်ဆိုရင်တော့  domain administrator ကနေ
  1. Authorization Code/EPP code ပေးရပါမယ်
  2.  Domain ကို unlock လုပ် ပေးရပါမယ်
  3. Administrator email ကို This email address is being protected from spambots. You need JavaScript enabled to view it. သို့ပြင်ပေးရပါမယ်

Myanmars.NET Domain ရောက်ရှိလာပါက တစ်နှစ်တိတိသက်တမ်းတိုးသွားသည့်အတွက်သက်တမ်းတိုးခပေးဆောင်ရပါမယ်။

Myanmars.NET ကနေ တခြားကို Domain ပြောင်းရွှေ့လိုရင်တော့

  1. ရွှေ့ပြောင်းလိုကြောင်းကိုရုံးစာ ဖြင့်အကြောင်းကြား ပေးရပါမယ်။ (Domain ဟာ လူကြီးမင်းတို့ အတွက် လွန်စွာအရေးကြီး တဲ့အတွက် ကျွန်တော်တို့ ဘက်မှ အထူးဂရုပြုဆောင်ရွက်တာကြောင့် domain ရွှေ့ပြောင်းခြင်းကို အကြောင်းကြားရာမှာ အတည်ပြုလက်မှတ်ရေးထိုးသူဟာ မန်နေဂျာရာထူး နှင့် အထက် ရှိသူ များမှ အတည်ပြုခြင်းကိုသာ  လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။  ဖုန်းနဲ /personal email များနဲ့ အကြောင်းကြားခြင်း ကိုလက်ခံမှာ မဟုတ်ပါဘူး။)
  2. Authorization Code/EPP code အား လူကြီးမင်းတို့၏ email သို့ပို့ဆောင်ပေးပါမယ်
  3. Domain ကို unlock လုပ်ပေးပါမယ်
  4. Domain Administrator email ကို လူကြီးမင်း တို့၏ email သို့ပြင်ပေးမှာ ဖြစ်ပါတယ်၊ ပြီးရင် လူကြီးမင်းတို့ကိုယ်တိုင် transfer request တင်လိုက်တာနဲ့ ဒီ request ကို Administrator email ကနေလက်ခံပြီး မိမိဖာသာ ဆက်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ တစ်ဘက်ကလက်ခံမည့်သူရဲ့ နည်းပညာကျွမ်းကျင်မှု အားနည်းချက်ကြောင့် မှားယွင်းမှု တစုံတရာ ဖြစ်ပေါ်လာရင် ကျွန်တော်တို့ဘက်က တာဝန်ယူမှာ မဟုတ်ပါဘူး။

အရေးကြီးတဲ့ အချက်ကတော့ register လုပ်ပြီး ရက် (၆၀) အတွင်း (ဒါမှမဟုတ်) domain သက်တမ်းမကုန်ခင် ရက် (၆၀) အတွင်းမှာ domain transfer လုပ်နိုင်မှာ မဟုတ်ပါဘူး။

 

 

ဖုန်းသာ ဆက်လိုက်ပါ...


☎ 0
9 449 300 900, 01 652250, 01 652323

Myanmars.NET

  • 3/1 Myanmar ICT Park, Yangon 11052, Myanmar.
    Email: This email address is being protected from spambots. You need JavaScript enabled to view it.
    Yangon: (+95-1) 652323, 652250

    Bangkok: (+66) 080-776-2610
    New York: (+1) 646-867-3932
    California: (+1) 707-988-0300

Guests Online

We have 51 guests and no members online

မြန်မာနက် ကို ဘာကြောင့် အားကိုးကြသလဲ?

(၁)သင့်လုပ်ငန်းအတွက် အကျိုးအရှိဆုံးဖြစ်စေမယ့် world-class tech firm ဖြစ်ပါတယ်။ (၂)အကောင်းဆုံး မြန်မာ့ National ICT Award ၂ ကြိမ်နဲ့ အမျိုးမျိုး ရခဲ့ဖူးတဲ့ ထူးချွန်တဲ့ developer team ဖြစ်ပါတယ်။ (၃)CNN, BBC, Yahoo တို့ကတောင် Myanmars.Net ကို refer လုပ်၊ recommend လုပ်ကြတဲ့အပြင်၊ ကမ္ဘာကျော် New York Times သတင်းစာ မှာတောင် ပါခဲ့ဖူးပါတယ်။ (၄)လူကြီးမင်းတို့ရဲ့ web designer/ developer အနေနဲ့တင် မဟုတ်ပဲ လူကြီးမင်းလုပ်ငန်းရဲ့ e-business partner အဖြစ် consultant အဖြစ် ရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။ (၅)မြန်မာနိုင်ငံမှာ internet မရခင် ကတည်းက နိုင်ငံခြားကနေ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် web site တွေတည်ဆောက်ပေးခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ (၆)တည်ဆောက်ခဲ့တဲ့ web site တွေရဲ့ အောင်မြင်မှုသမိုင်းက သက်သေထင်ရှား ရှိနေပါတယ်။ (See brochures)

S5 Box

ကက က္က