Google Analytics ဆိုတာဘာလဲ

Google Analytic ဆိုတာဘာလဲ။

google-analytics-01

ကိုယ်ပိုင် website တစ်ခုရှိထားပြီဆိုရင်တော့ google analytic ကို အခြေခံသဘောတရားတွေကို မဖြစ်မနေ သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ website ကို လူလာကြည့်နှုန်း၊ ဘယ်နိုင်ငံ ဘယ်ဒေသကလူတွေလာကြည့်လဲ၊ ဘယ်လောက်ကြာအောင်ကြည့်လဲ၊ ဘယ်စာမျက်နှာ ကို လူကြည့်အများဆုံးလဲ စသည့်ဖြင့် အချက်အလက်များစွာကို ကိန်းဂဏန်းများ ဂရပ်များဖြင့် ပြသပေးမှာဖြစ်ပါတယ်။

google-analytics-02ဝင်ရောက်ကြည့်ရှုရမဲ့ URL ကတော့ https://analytics.google.com ဖြစ်ပါတယ်။ မိမိ Gmail အကောင့် ဒါမဟုတ် GSuite အကောင့်ဖြင့် ဝင်ကြည့်ရပါမယ်။

ဝင်ဝင်ခြင်း ဘယ်ဘက်ထောင့်မှာ တွေ့ရတဲ့ link တွေကတော့ အရေးအကြီးဆုံး link တွေဖြစ်ပါတယ်။ အဲဒါတွေကတော့ Real- Time, Audience, Acquisition, Behavior နဲ့ Conversion တို့ဖြစ်ပါတယ်။ သူတို့ကို click လုပ်လိုက်ရင်တော့ သက်ဆိုင်ရာ link တွေ ထပ်ကျလာမှာဖြစ်ပါတယ်။ မတူညီတဲ့ data report ပုံစံတွေကို link တွေကို ကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်။

Real-Time ကတော့ အခုချက်ခြင်း website ကို လူဘယ်လောက်ကြည့်နေလဲဆိုတာ live ပြပေးတာပါ။ ဘယ်နိုင်ငံဘယ်ဒေသကနေ ကြည့်နေလဲဆိုတာကိုပါ သိလို့ရပါတယ်။ ပြီးတော့ ဘယ်စာမျက်နှာကို ဖတ်နေလဲဆိုတာလည်း သိနိုင်ပါတယ်။

 

နောက်တစ်ခု ကတော့ Audience ပါဘဲ။ Google analytic ရဲ့အရေးအကြီးဆုံး link လို့ပြောရမှာပါ။

ပုံမှာပြထားတဲ့အတိုင်း graph နဲ့ပြထားတာဖြစ်ပါတယ်။ ရက်အလိုက်ကြည့်ချင်လား၊ လအလိုက်လား၊ နှစ်အလိုက်လား ကိုယ့်ဘာသာကို ရွေးချယ်ပြီးကြည့်နိုင်ပါတယ်။

google-analytics-04

Sessions ဆိုတာကတော့ လာကြည့်သူအရေအတွက်ကို ပြောတာမဟုတ်ပါဘူး။ လာကြည့်သူတစ်ဦးက သင့် website ကို အကြိမ်ရေဘယ်လောက်ကြည့်သလဲဆိုတာကို ရည်ညွှန်းပါတယ်။

Users ဆိုတာကတော့ သင့် website ကို လူဘယ်နှစ်ယောက်ဝင်ကြည့် သွားခဲ့ သလဲဆိုတာကို ရည်ညွှန်းပါတယ်။ လူတစ်ယောက်က သင့် website ကို အကြိမ်ပေါင်းများစွာ ဝင်ကြည့်သော်လည်း ကြည့်ရှုသူ ၁ ယောက်အဖြစ်သာ သတ်မှတ်ပါတယ်။

Pageviews ဆိုတာကတော့ လူတွေကြည့်သွားတဲ့ webpage စုစုပေါင်းကို ဖော်ပြပေးတာဖြစ်ပါတယ်။ လာကြည့်သူဟာ တစ်ယောက်တည်းဖြစ်ပေမယ့် webpage ပေါင်း ၁၀ မျက်နှာ ကြည့်သွားတယ်ဆိုရင် 10 Pageviews အဖြစ် သတ်မှတ်ပါတယ်။

Pages/Session ဆိုတာကတော့ 1 Session အတွင်းမှာကြည့်ရှုသွားတဲ့ webpage စာမျက်နှာ ပျမ်းမျှ စုစုပေါင်းကို ကိုယ်စားပြုပါတယ်။ ပုံမှန်အားဖြင့် မိနစ် ၃၀ ကို 1 session အဖြစ်သတ်မှတ်ပါတယ်။

Average Session Duration ဆိုတာကတော့ 1 session တိုင်းမှာ လာကြည့်သူတစ်ယောက်ချင်းစီက အသုံးပြုသွားတဲ့ ပျမ်းမျှကြာချိန် ဖြစ်ပါတယ်။

Bounce Rate ဆိုတာကတော့ 1 webpage/စာမျက်နှာ တစ်မျက်နှာကိုပဲကြည့်ပြီး website ကို ပိတ်ပစ်လိုက်တဲ့ သူတွေရဲ့ ရာခိုင်နှုန်းကို ပြထားခြင်းဖြစ်ပါတယ်။ ကမ္ဘာမှာတော့ 40 % နဲ့ 60 % ကြားမှာ ရှိနေရင်ကို အတော်လေး အခြေနေကောင်းတယ်လို့ သတ်မှတ်ထားပါတယ်။ webpage ကို ရောက်လာသူလိုချင်တဲ့ information မရှိလို့ ပြန်ထွက်သွားကြတာများပါတယ်။